" ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှု

SHIELD Apr 10, 2026 70 4 min
Share:
" ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ် "ရှိ/ Shield Women Organization သည် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများအား အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ငလျင်ဘေးကူညီရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ဘေးအန္တရာယ်ကျရောက်ခံစားနေရသူများထံ လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံးနှင့် ထိရောက်စွာ ရောက်ရှိစေရေးအတွက် ကြိုးပမ်း...
" ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ် "ရှိ/ Shield Women Organization သည် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများအား အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ငလျင်ဘေးကူညီရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။ဘေးအန္တရာယ်ကျရောက်ခံစားနေရသူများထံ လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံးနှင့် ထိရောက်စွာ ရောက်ရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် လာမည့် စနေနေ့ ဧပြီလ ၅ရက်တွင်လည်း Nakatsu မိသားစုအနေဖြင့် ဂျပန်နိုင်ငံ "Oita Nakatsu Ekimae" တွင် နံနက် ‌၁၁နာရီမှ မွန်းလွဲ ၁နာရီအထိ ငလျင်ဒဏ်သင့်ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်‌‌ရေးလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးနိုင်ရန် အလှူငွေများ ဦးဆောင်ကောက်ခံသွားမည် ဖြစ်သောကြောင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများအနေဖြင့် သွားရောက်ပါ၀င်လှူဒါန်းနိုင်ပါကြောင်း သတင်းစကား ပါးလိုက်ပါရ‌စေ။ဤလှူဒါန်းကူညီမှုလုပ်ငန်းစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အလှူငွေများကို စနစ်တကျ စီမံခန့်ခွဲကာ မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အာမခံချက်ဖြင့် ဆောင်ရွက်သွားမည်။ ငလျင်ဘေးကြောင့် နစ်နာဆုံးရှုံးမှုများကို ရင်ဆိုင်နေရသော မိဘပြည်သူများအား စိတ်ဓာတ်မြှင့်တင်ပေးပြီး ပူးပေါင်းကူညီဖေးမကြရန် မေတ္တာရပ်ခံအပ်ပါသည်။ ဤကူညီမှုလုပ်ငန်းသည် ပြည်သူတို့၏ ဘဝအနာဂတ်ကို ပြန်လည်ထူထောင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ပါသည်။ပူးပေါင်းပါဝင်လှူဒါန်းလိုပါက အသေးစိတ်သိရှိဖို့ရာအတွက် Page Messenger မှတဆင့်လည်း လာရောက်ဆက်သွယ်နိုင်ပါသည်။ရှိ/ Shield Women Organization နှင့် Nakatsu မိသားစု
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဩဂုတ်လတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ