အားလုံးကြည့်ရန်

ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးတိုင်းအတွက် တရားမျှတမှုရရှိရေး၊ လုံခြုံရေးနှင့် တန်ဖိုးထားမှု မြှင့်တင်နိုင်ရေး ဆက်လက်ကြိုးပမ်းသွားမည်။

Share:
မိုးမိတ်ပြည်သူ့ဆေးရုံ၊ CDM သူနာပြု ရဲဘော် ယဉ်မွန်အောင်မှာ သူမ၏ ကိုယ်ရေးကိုယ်တာ အကြောင်းပြချက်ကြောင့် ကျောက်ဆည်ခရိုင် တပ်ရင်း(၃)၏ တပ်ဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်စာတင်ခဲ့ခြင်းအပေါ် တပ်ရင်းမှူးသည် ဥပဒေမဲ့ ခြိမ်းခြောက်ဖမ်းဆီးခြင်းများ၊ အကြမ်းဖက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု ကြားသိထားရပါသည်။33 Society ၏ ရဲဘော်များသည် အမျိုးသမီးများအား ကာကွယ်စောင့်ရှောက်မှုအပြည့်ဖြင့် တော်လှန်ရေးအတွင်း စိတ်ချလုံခြုံစွာ ပါဝင်တာဝန်ထမ်းဆောင်နိုင်ရန် အားပေးကူညီခြင်း၊ ကာကွယ်စောင့်ရှောက်ပေးခြင်းများလုပ်ဆောင်လျှက်ရှိသည်၊ ထိုသို့ တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်တစ်ဦးအား ဥပဒေမဲ့ အနိုင်ကျင့်ခဲ့ခြင်းများအား လုံး၀ (လုံးဝ) လက်သင့်ခံမည်မဟုတ်ဘဲ နစ်နာသူ တပ်ဖွဲ့ဝင် အမျိုးသမီးရဲဘော်အတွက် အမှုမှန်ပေါ်ပေါက်သည်အထိ အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စုံစမ်းစစ်ဆေးဖော်ထုတ်မှုများ၊ တာဝန်ယူဖြေရှင်းအရေးယူပေးမှုများနှင့် နစ်နာသူအား အကာအကွယ်အထောက်အပံ့ပေးမှုများအား ဒီနေရာကနေ တောင်းဆိုလိုက်ပြီး အဆိုပါအမှုအား ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ