"ဘေးကင်းလုံခြုံရာ ယာယီရိပ်မြုံ (Shelter)ဖြင့် နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ခြင်း"

SHIELD Jun 30, 2026 1,044 6 min
Share:
"ဘေးကင်းလုံခြုံရာ ယာယီရိပ်မြုံ (Shelter)ဖြင့် နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ခြင်း"ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဘေးဒုက္ခကြုံတွေ့နေရသည့် အမျိုးသမီးများ၏ လုံခြုံရေး၊ လျှို့ဝှက်ချက် ထိန်းသိမ်းပေးရေးနှင့် ပြန်လည်ကုစားနိုင်ရေးတို့ကို အဓိကထား၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ရပ်စလုံး ဘေးကင်းလုံခြုံစွာ ခိုလှုံနေထိုင်နိုင်မည့် "ယာယီရိပ်မြုံ (Shelter)" ကို စီစဉ်ပံ့ပိုးပေးလျက် ရှိပါသည်။မိမိတို့ ဖြတ်သန်းနေရသည့် လူမှုပတ်ဝန်းကျင်အခြေအနေအကြောင်းကြောင်းကြောင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုး (Gender-Based Violence - GBV) ကြ...

"ဘေးကင်းလုံခြုံရာ ယာယီရိပ်မြုံ (Shelter)ဖြင့် နွေးထွေးစွာ ကြိုဆိုစောင့်ရှောက်ခြင်း"

ကျွန်ုပ်တို့အဖွဲ့အစည်းသည် ဘေးဒုက္ခကြုံတွေ့နေရသည့် အမျိုးသမီးများ၏ လုံခြုံရေး၊ လျှို့ဝှက်ချက် ထိန်းသိမ်းပေးရေးနှင့် ပြန်လည်ကုစားနိုင်ရေးတို့ကို အဓိကထား၍ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ နှစ်ရပ်စလုံး ဘေးကင်းလုံခြုံစွာ ခိုလှုံနေထိုင်နိုင်မည့် "ယာယီရိပ်မြုံ (Shelter)" ကို စီစဉ်ပံ့ပိုးပေးလျက် ရှိပါသည်။

မိမိတို့ ဖြတ်သန်းနေရသည့် လူမှုပတ်ဝန်းကျင်အခြေအနေအကြောင်းကြောင်းကြောင့် အကြမ်းဖက်မှုပုံစံအမျိုးမျိုး (Gender-Based Violence - GBV) ကြုံတွေ့နေရသူများ၊ ပဋိပက္ခများနှင့် ဆက်နွှယ်သည့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု (Conflict-Related Sexual Violence - CRSV) ကြောင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်နာကျင်ခံစားနေရသော အမျိုးသမီးများနှင့် ၎င်းတို့၏ သားသမီးများအတွက် Shield Women's Organization မှ အမြဲတမ်း အကာအကွယ်ပေးရန် အသင့်ရှိနေပါသည်။

မြန်မာ့လူ့အဖွဲ့အစည်းတွင် "အမျိုးသမီး" ဟူသည် အိုးအိမ်တစ်ခု၏ အဆင်တန်ဆာ၊ ဘဝတစ်ခု၏ အသက်သွေးကြော ဖြစ်သည်။ သို့သော်လည်း လက်ရှိကာလတွင် အမျိုးသမီးအများစုသည် ဂျဲန်ဒါအခြေပြု အကြမ်းဖက်မှုများ (Gender Based Violence)၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ (Sexual Violence)၊ အိမ်တွင်းအကြမ်းဖက်မှုများ (Domestic Violence) အပြင် နှင့် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုများ (Sexual Harassment) ၏ နစ်နာဆုံးရှုံးမှုကိုပါ အသံတိတ် ရင်ဆိုင်နေကြရသည်။

Shield Women's Organization အနေဖြင့် မတရားမှုများကို ရင်ဆိုင်နေရသော အမျိုးသမီးများအတွက် မျှော်လင့်ချက်အသစ်တစ်ခုကို ပုံဖော်ပေးလျက်ရှိပါသည်။ ဘေးကင်လုံခြုံရာ (Shelter) လိုအပ်နေသော အမျိုးသမီးငယ်များ၊ မိခင်များအတွက် ကျွန်ုပ်တို့အဖွဲ့အစည်း၏ တံခါးသည် အစဉ်အမြဲ ဖွင့်လှစ်ထားပါသည်။

ကူညီပံ့ပိုးပေးမည့် ဝန်ဆောင်မှုများ -

*ဘေးကင်းလုံခြုံပြီး စိတ်အေးချမ်းသာစွာ နေထိုင်နိုင်မည့် ယာယီခိုလှုံရာအိမ် (Shelter)

**စားဝတ်နေရေး အခြေခံလိုအပ်ချက်များ ကူညီပေးခြင်း

***စိတ်ပိုင်းဆိုင်ရာ ပြန်လည်ကြံ့ခိုင်လာစေရန် (Psychosocial Support) နှစ်သိမ့်ဆွေးနွေးပေးခြင်း

****ရှေ့ဆက်ရမည့် လူမှုရေးနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အခမဲ့ လမ်းညွှန်တိုင်ပင်ပေးခြင်း

သင်သည် အထက်ပါဖြစ်စဉ်များကြောင့် လုံခြုံမှုမရှိဟု ခံစားနေရပါက သို့မဟုတ် သင့်အနီးနားတွင် အမှန်တကယ် အကူအညီလိုအပ်နေသည့် အမျိုးသမီးများရှိပါက မိမိတို့ Shield Women's Organization ထံသို့ ယုံကြည်စိတ်ချစွာ အချိန်မရွေး ဆက်သွယ်အကူအညီတောင်းခံနိုင်ကြောင်း နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

အကြမ်းဖက်ခံနေရသော အမျိုးသမီးတစ်ဦးကို မြင်လျှင် "ဘာကြောင့်" ဟု အပြစ်မတင်ပါနှင့်။ "ဘယ်လိုကူညီမလဲ" ဟု မေးမြန်းပေးပါ။

တိတ်ဆိတ်နေခြင်းသည် အကြမ်းဖက်သူဘက်မှ ရပ်တည်ခြင်း ဖြစ်သည်။ အမျိုးသမီးများ၏ လုံခြုံရေးသည် တစ်ဦးတစ်ယောက်ချင်းစီ၏ တာဝန်မဟုတ်ဘဲ ကျွန်ုပ်တို့ အားလုံး၏ ဂုဏ်သိက္ခာ ဖြစ်ကြောင်း လက်ခံပေးကြပါ။

အမျိုးသမီးများ ဘေးကင်းလုံခြုံသော၊ တရားမျှတမှုရှိသော မြန်မာ့လူ့အဖွဲ့အစည်းကို ကျွန်ုပ်တို့ လက်တွဲ တည်ဆောက်ကြပါစို့။

"သင်တစ်ယောက်တည်း မဟုတ်ပါဘူး၊ အတူတူ ရပ်တည်ကာကွယ်ပေးမယ့် Shield ရှိနေပါသည်"

ဆက်သွယ်ရန်-

*Phone:  +66 62 693 2337

*Email: contact@shieldwomen.org

(ဆက်သွယ်လာသူများ၏ အချက်အလက်နှင့် လျှို့ဝှက်ချက်များကို ၁၀၀ ရာခိုင်နှုန်း တင်းကျပ်စွာ ထိန်းသိမ်းပေးပါသည်)

#ShieldWomenOrganization #EndGBV #JusticeForWomen #MyanmarWomen #SafeCommunity #StopHarassment

SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဩဂုတ်လတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ