အားလုံးကြည့်ရန်

" Nakatsu မိသားစုမှ ဦးဆောင်၍ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးနိုင်ရန် အလှူငွေများ ကိုယ်စားကောက်ခံပေးခဲ့သည့် ပုံရိပ်များ "

Share:
" Nakatsu မိသားစုမှ ဦးဆောင်၍ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးနိုင်ရန် အလှူငွေများ ကိုယ်စားကောက်ခံပေးခဲ့သည့် ပုံရိပ်များ "ယနေ့ ဧပြီလ ၅ ရက်၊ ၂၀၂၅ခုနစ်တွင် ဂျပန်နိုင်ငံ "Oita Nakatsu Ekimae" တွင် ဂျပန်စံတော်ချိန် နံနက် ‌၁၁နာရီမှ မွန်းလွဲ ၂နာရီအထိ ရှိ/ Shield Women Organization နှင့် Nakatsu မိသားစုတို့၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြန်မာနိုင်ငံမှ ငလျင်ဒဏ်သင့် ပြည်သူများအား ကူညီဖေးမမည့် အစီအစဉ်အတွက် Nakatsu မိသားစုမှ ဦးဆောင်၍ ဂျပန်နိုင်ငံမှ ကူညီပံ့ပိုးနိုင်ရန် အလှူငွေများ ကိုယ်စားကောက်ခံပေးခဲ့သည့် ပုံရိပ်များအား ပြန်လည်ဝေမျှပေးလိုက်ပါသည်။ ယနေ့ ကောက်ခံရရှိသည့် အလှူငွေစုစုပေါင်း 14,5124 ¥ ဖြစ်ပြီး အလှူငွေအားလုံကို မြေပြင်သို့စီးဆင်းရန် ဆောင်ရွက်လျှက်ရှိသည်။ရှိ/ Shield Women Organization သည် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများအား အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ငလျင်ဘေးကူညီရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဘေးအန္တရာယ်ကျရောက်ခံစားနေရသူများထံ လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံးနှင့် ထိရောက်စွာ ရောက်ရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်လျှက်ရှိပါသည်။ ထို့အပြင် ကူညီပံ့ပိုးမှုမှတ်တမ်းများနှင့် အသေးစိတ်အကြောင်းအရာများကိုလည်း ရှိ/ Shield Women Organization ၏ တရား၀င် Facebook စာမျက်နှာပေါ်တွင် အချိန်နှင့် တပြေးညီ ဖော်ပြပေးလျှက် ရှိပါသည်။
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ