အားလုံးကြည့်ရန်

“အရေးပေါ်ကူညီမှု ထုတ်ပြန်ကြေညာချက်”

Share:
“အရေးပေါ်ကူညီမှု ထုတ်ပြန်ကြေညာချက်”ရှိ/ Shield အမျိုးသမီးအဖွဲ့ထုတ်ပြန်သည့် ရက်စွဲ : ၂၀၂၅ ခုနစ်၊ မတ်လ၊ ၁၃ ရက်စုံစမ်းဖော်ထုတ်မှု အမှတ်စဉ် : ၀၀၀၈/၂၀၂၅ဖြစ်ရပ်အကြောင်းအရာရှိ/ Shield အမျိုးသမီးအဖွဲ့သို့ အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သတ်၍ အရေးပေါ်အကူအညီတောင်းခံမှုတစ်ခုကို ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၀ ရက်နေ့၊ မွန်းလွဲ (၅)နာရီ အချိန်ခန့်က လက်ခံရရှိခဲ့ပါသည်။ တိုင်ကြားချက်အရ မဲဆောက်မြို့တွင် အိမ်တွင်းအကြမ်းဖက်မှုခံနေရသော အမျိုးသမီးတစ်ဦးအား အရေးပေါ်ကူညီကယ်ဆယ်ပြီး လုံခြုံဘေးကင်းရာနေရပ်သို့ ပြန်လည်ပို့ပေးခြင်းအထိ စီစဉ်ပေးနိုင်ခဲ့ပါသည်။အဆိုပါ နစ်နာသူဘက်မှလည်း အမှုဖွင့်တိုင်ကြားရန် အဆင်သင့်အနေအထားသို့ရောက်ရှိသဖြင့် ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ ထပ်မံဆက်သွယ်ခဲ့မည်ဆိုပါလျှင်လည်း ထိုင်းနိုင်ငံ မဲဆောက်ရဲစခန်းတွင် ကျူးလွန်သူအား အမှုဖွင့်တိုင်ကြားကာ ထိုင်းနိုင်ငံ၏ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လိုက်ပါကူညီသွားမည် ဖြစ်ပါသည်။ရှိ/Shield အမျိုးသမီးအဖွဲ့သည် တိုင်တန်းလာသူများ၏ နစ်နာမှုများကို အခြေအနေပေါ်မူတည်၍ စုံစမ်းကူညီမှုများကို လုပ်ဆောင်ပေးနေပြီဖြစ်သည့်အတွက် မိမိတို့၏ အမှန်တရားအတွက် ဝိုင်းဝန်းအဖြေရှာပေးရန် အကူအညီလိုအပ်သူများကို ဖေးမကူညီရန် အသင့်ရှိနေပါသည်။တိုင်တန်းလိုသူများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းတင်သွင်းတိုင်ကြားနိုင်ပါသည်။
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ