အားလုံးကြည့်ရန်

ရှိ/ Shield အမျိုးသမီးအဖွဲ့ ငွေစာရင်းရှင်းတမ်း ၂၈ ဧပြီလ ၂၀၂၆။

Share:
ရှိ/ Shield အမျိုးသမီးအဖွဲ့ ငွေစာရင်းရှင်းတမ်း
ရက်စွဲ : ၂၈ ဧပြီလ ၂၀၂၆။
ရှိ/ Shield အမျိုးသမီးအဖွဲ့ ၏ ၂၀၂၆ ခုနှစ်၊ မတ်လ တစ်လတာ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းတို့အား ဖော်ပြအပ်ပါသည်။
၁။ ရည်ရွယ်ချက်
ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပံ့ပိုးကူညီသူများ၊ အဖွဲ့ဝင်များနှင့် အများပြည်သူတို့အား ငွေကြေးအသုံးစရိတ်များကို ရှင်းလင်းစွာ သိရှိနိုင်စေရန် ဤငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်လိုက်ပါသည်။
၂။ ငွေစာရင်းအကျဉ်း
Operating Balance = 28,277.51 THB
March,2026 သုံးစွဲထားပြီး ငွေ = (- 13,116.40)THB
__________________
Closing Balance = 15,161.11 THB
Finance Summary
Description
Amount (THB)
Operating Balance
28,277.51 THB
Income
-
Expenses
13,116.40THB
Total Balance
15,161.11THB
၃။ ဝင်ငွေအသေးစိတ် - မရှိ
၄။ အသုံးစရိတ်အသေးစိတ်
13,116.40THB (Shield Office Expenses)
__________***__________
၅။ မှတ်ချက်များ
(က) လစဉ် (၅)ရက်နေ့တိုင်းတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ တစ်လတာ ငွေကြေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
(ခ) လက်ရှိတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အသုံးစရိတ်များကို ကူညီအားဖြည့်ပေးသော တစ်သီးပုဂ္ဂလ ပြည်သူနှင့် အဖွဲ့ဝင်များထံမှရရှိသော ငွေကြေးများအား အဖွဲအစည်း၏ ဆောင်ရွက်နေမှုများဖြစ်သော
- နစ်နာသူများကို အရေးပေါ်အခြေနေတွင် သွားရောက်ခေါ်ဆောင်ပေးခြင်း၊ ခိုလှုံနိုင်ရန် ဘေးကင်းလုံခြုံရာ နေရာများစီစဉ်ပေးခြင်း။
- သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များထံသို့ သွားရောက်တွေ့ဆုံ တိုင်ကြားနိုင်ရန် ကူညီပေးခြင်း တိုင်တန်းမှု၊ တရားစွဲဆိုမှုများလိုအပ်လာပါက ဥပဒေရေးရာ အကြံပြုပံ့ပိုးပေးခြင်း။
- စိတ်ပိုင်းဆိုင်ရာ ထိရှနာကျင်မှုများ ပြန်လည်သက်သာလာနိုင်စေရန် ကူညီပေးခြင်း။
- ကိုယ်တိုင်ပြန်လည်ရပ်တည် လာနိုင်စေရန် ပံ့ပိုးမှုများ လမ်းညွှန်မှုများပေးခြင်း။
စသည့်ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် သုံးစွဲပါသည်။
(ဂ) Shield အမျိုးသမီးအဖွဲ့ Members များအနေဖြင့်လည်း အဖွဲ့အစည်း၏ ဘဏ္ဍာရေးမှတ်တမ်းများကို Finance Team ထံသို့ အချိန်မရွေး တောင်းယူကြည့်ရှုနိုင်ပါသည်။
• ရှိ/Shield အမျိုးသမီးအဖွဲ့သည် အကျိုးအမြတ်မယူသော သီးခြားရပ်တည်သည့် အဖွဲ့ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက် အဖွဲ့ဝင်များနှင့် သီးခြားလွတ်လပ်သော ပြည်သူများ၏ ပံ့ပိုးမှုဖြင့်သာ ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။
ဆက်သွယ်ရန်
ရှိ/ Shield အမျိုးသမီးအဖွဲ့
+66 6 269 323 37
info@shieldwomen.org
ကျေးဇူးတင်လျှက်
(Finance Team )
finance@shieldwomen.org
ရှိ/ Shield အမျိုးသမီးအဖွဲ့
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ ငွေစာရင်းရှင်းတမ်း ၂၈ ဧပြီလ ၂၀၂၆။
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ