ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဇန်နဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 115 17 min
Share:
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဇန်နဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် ဇန်နဝါရီလအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၃ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၂ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-၄ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက...
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဇန်နဝါရီလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် ဇန်နဝါရီလအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၃ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၂ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - မရှိမှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု-၄ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိအဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၁ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၁ မှု ရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၇၇ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၂၅ မှုလက်ရှိဆောင်ရွက်နေဆဲအမှု - ၁၄ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၄ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု/တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားသည့်အမှု - ၁၇ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၇မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၁၀မှုတိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - မရှိရပ်နားထားသောအမှု - မရှိ________________________________________၃။ အမှုများကို ခွဲခြမ်းစိတ်ဖြာခြင်းShield Women Organization အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလမှစ၍ ယနေ့အထိ အမှုစုစုပေါင်း ၇၇ ခု ကို လက်ခံကိုင်တွယ် ကူညီဖြေရှင်းပေးခဲ့ရာတွင် အောက်ပါအတိုင်း သတ်မှတ်ခွဲခြား ထုတ်ဖော်နိုင်ခဲ့ပါသည်။အိမ်တွင်းအကြမ်းဖက်မှု ( Domestic Violence ) -၂၁မှု အိမ်တွင်းအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၉ မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - မရှိလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Violence) -၃၀ မှုလိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၁၇မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၂ မှုအွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၁၁ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (Gender-based Violence) - ၁၈ မှုဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအောက်၌ ထပ်မံစီစစ်ရာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၄မှု စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု - ၆မှု အွန်လိုင်းနည်းပညာဆိုင်ရာ အကြမ်းဖက်မှု - ၈မှုလူမှုရေးဖောက်ပြန်မှု (Social deviance) - ၂မှု အဖွဲ့၏ မူဝါဒများနှင့် မကိုက်ညီသဖြင့် လက်ခံဆောင်ရွက်ခြင်း မပြုသော အမှု - ၆ မှု ________________________________________၄။ ဇန်နဝါရီလ တစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၂ မှု***(၁) အမှုနံပါတ် - Case-0064***အမှုခေါင်းစဉ် - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှုအမှုအမျိုးအစား - အွန်လိုင်းနည်းပညာဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- Case & Documentation Management Teamတွေ့ရှိချက်များ(က) ၂၀၂၅ ခုနှစ် အောက်တိုဘာလ နောက်ဆုံးအပတ်တွင် တိုင်ကြားသူအနေဖြင့် Shield Women Organization သို့ တိုက်ရိုက် ဆက်သွယ်လာပြီး သူမအနေဖြင့် ထိုင်းနိုင်ငံအခြေစိုက် ကျားဖျန့်အစုအဖွဲ့တစ်ခု လုံခြုံရေးခြိမ်းခြောက်ခံရမှုများ ကြုံတွေ့နေရသဖြင့် ကူညီဆောင်ရွက်ပေးရန် တရားဝင် ဆက်သွယ်အကူအညီတောင်းခံခဲ့ပါသည်။ဆောင်ရွက်ချက်များ(က) တရားဝင် တိုင်ကြားမှုအပေါ် Shield Women Organization မှ တိုက်ရိုက်ချိတ်ဆက်ခဲ့ခြင်း၊ တရားဝင် မှတ်တမ်းတင်ခြင်း နှင့် လုံခြုံရေးဆိုင်ရာ Safe house တာဝန်ခံများနှင့် ဆက်သွယ် စစ်ဆေးအတည်ပြုခြင်း၊ ကာယကံရှင် ၏ ဆန္ဒအရ Legal Team မှ တာဝန်ခံနှင့် ချိတ်ဆက်ပေးခြင်းများ ကူညီ ဆောင်ရွက်ခဲ့ပြီး အမှုအား မှတ်တမ်းတင် ပိတ်သိမ်းခဲ့ပါသည်။***(၂) အမှုနံပါတ် - Case-0076***အမှုခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှုအမှုအမျိုးအစား - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် - ပြီးဆုံးအဓိကတာဝန်ယူကိုင်တွယ်ခြင်း- Executive Management Teamတွေ့ရှိချက်များ(က) ၂၀၂၆ ခုနှစ် ဇန်နဝါရီလ တတိယအပတ်တွင် Shield Women Organization ၏ ရုံးဖုန်းအား အမျိုးသမီးတစ်ဦးမှ တိုက်ရုက်ဆက်သွယ်လာပြီး မဲဆောက်မြို့အတွင်း ဘုရားဝန်းတစ်ခု၌ အမျိုးသမီးငယ် တစ်ဦး နှင့် ကလေးငယ်တစ်ဦး ရောက်ရှိနေကြောင်း နှင့် အရေးပေါ် အကူအညီ လိုအပ်နေကြောင်း ဆက်သွယ်ခဲ့ပါသည်။ဆောင်ရွက်ချက်များ(က) ဆက်သွယ်မှုအရ အကူအညီလိုအပ်နေသော အမျိုးသမီးနှင့် ကလေးငယ်အား Shield Women Organization ၏ EMT များကိုယ်တိုင် သွားရောက်တွေ့ဆုံခဲ့ရာ အမျိုးသမီးသည် အိမ်တွင်းအကြမ်းဖက်မှုများ ကြုံတွေ့ခဲ့ရပြီး ကလေးငယ်နှင့်အတူ အိမ်ပေါ်မှ အဝတ်တစ်ထည်ကိုယ်တစ်ခုနှင့် ဆင်းလာခဲ့ကြောင်း သိရှိခဲ့ပါသည်။(ခ) အတည်ပြုချက်များအရ အမျိုးသမီးနှင့် ကလေးငယ်အား ခေတ္တခိုလှုံနိုင်ရန် စီစဥ်ပေးခြင်း၊ မှတ်တမ်းတင်ခြင်းနှင့် အရေးပေါ်ရိက္ခာများ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။(ဂ) နောက်(၂)ရက်ကြာပြီးနောက် ကာယကံရှင်၏ ဆန္ဒအရ အုပ်ထိန်းသူများထံ စနစ်တကျ လွှဲပြောင်းအပ်နှံ၍ အမှုအား မှတ်တမ်းတင် ပိတ်သိမ်းခဲ့ပါသည်။________________________________________၅။ ထူးခြားတွေ့ရှိချက်များက) မိမိသဘော ဆန္ဒအရ တရားမျှမှု ရှာဖွေရန် ဆောင်ရွက်မှုများအား ရပ်တန့်ပြီး မှတ်တမ်းအဖြစ် သိမ်းဆည်းထားရန် အမှုများ များပြားလာခြင်း။ခ) အမှုမှန်ပေါ်ပေါက်ရန် ပူးပေါင်းလုပ်ဆောင်ခြင်းများတွင် စိန်ခေါ်မှုများပိုမိုများပြားလာခြင်း၊ တိုင်ကြားသူများ၊ အမှန်တကယ်နစ်နာသူများ၏ လုံခြုံရေးအန္တရာယ်မြင့်တက်လာခြင်း။ဂ) ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ၊ဂျဲန်ဒါအခြေပြုနှင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုနှုန်းများ မြင့်တက်လျက်ရှိခြင်း။ဃ) အကြမ်းဖက်မှုဟူသည် မည့်သည့် ဂျဲန်ဒါမှမဆို၊ မည်သည့် အစုအဖွဲ့အစည်းမှမဆို ကျူးလွန်ပါက အကြမ်းဖက်မှုမြောက်ခြင်း။င) မည်သည့် အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက် ခံစားရခြင်း။စ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ခိုင်လုံသော သက်သေစုဆောင်းခြင်းဖြစ်စဉ်သည် အကြီးမားဆုံး စိန်ခေါ်မှုဖြစ်ခြင်း။ဆ) တိုင်ကြားသူများ၏ အမှုဖြေရှင်းရာတွင် မိသားစု၏ပံ့ပိုးမှု မရရှိခြင်းနှင့် လုံခြုံရေးအန္တရာယ်မြင့်တက်ခြင်းတို့ကြောင့် ကျူးလွန်သူများအတွက် ပြစ်ဒဏ်ကင်းလွတ်ခွင့်များ ပိုမိုများပြားလာခြင်း။ဇ) တရားမျှတမှုရရှိစေရန် လုပ်ဆောင်ရာတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ချိတ်ဆက်ဆောင်ရွက်မှုများ၊ ပူးပေါင်းပါဝင်မှုများ အားကောင်းလာခြင်း။ဈ) ချိုးဖောက်ကျူးလွန်မှု မဟုတ်သော လူမှုရေးဆိုင်ရာ အမှုကိစ္စများပါ တိုင်ကြားအကူအညီတောင်းခံမှုများ ပါဝင်လာခြင်း။ည) ရှိ/ Shield အမျိုးသမီးအဖွဲ့စည်းတွင် နစ်နာသူများကိုယ်တိုင် Volunteer အဖြစ် အသစ်ပူးပေါင်းပါဝင် အားဖြည့်လာခြင်း။________________________________________၆။ အတူတကွဆောင်ရွက်ရန် အချက်များက) မည့်သည့် ဂျဲန်ဒါ၊ မည်သည့်အစုအဖွဲ့အစည်းမဆို အကြမ်းဖက်မှု ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။ခ) အမှန်တရားရှာဖွေခြင်းနှင့် အမှုမှန်ပေါ်ပေါက်ရန် လုပ်ဆောင်ရာတွင် ပူးပေါင်းပါဝင်ပေးကြရန်။ဂ) တရားမျှတမှု ရှာဖွေလိုသော ချိုးဖောက်ခံရသူများ အနေဖြင့် ဖြစ်ပေါ်လာနိုင်သော စိတ်ပိုင်း၊ရုပ်ပိုင်းဆိုင်ရာ အကျိုးဆက်များအတွက် ကြိုတင်ပြင်ဆင်ပြီး အဆုံးထိ ရပ်တည်ရင်ဆိုင်ကြရန်။_______________________________________၇။ ဇန်နဝါရီလတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၃ မှု***(၁) အမှုနံပါတ် - Case-0075***အမှုတိုင်ကြားလာသည့် ရက်စွဲ - 10.1.2026အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှုအဆင့် -တိုင်ကြားသူနှင့် တိုက်ရိုက်ချိတ်ဆက်ပြီး၊ အတည်ပြု မှတ်တမ်းတင်ပြီး၊ ဆက်လက်ဆောင်ရွက်နေဆဲ***(၂)အမှုနံပတ် - Case - 0076***အမှုတိုင်ကြားလာသည့် ရက်စွဲ- 15.1.2026အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- အိမ်တွင်းအကြမ်းဖက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- ပြီးဆုံး***(၃)အမှုနံပတ် - Case-0077***အမှုတိုင်ကြားလာသည့် ရက်စွဲ- 25.1.2026အမှုတိုင်ကြားလာသည့် ခေါင်းစဥ်- အွန်လိုင်းခြိမ်းခြောက်မှုစုံစမ်းဆောင်ရွက်မှု အဆင့်- တိုင်ကြားသူနှင့် ချိတ်ဆက်ပြီး၊ဆက်လက်ဆောင်ရွက်နေဆဲ______________________________________၈။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ ဇန်နဝါရီလအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် အမှန်တကယ် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှသော တန်းတူညီမျှသော အခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women Organization)+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဩဂုတ်လတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ