ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ သြဂုတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း

SHIELD Apr 10, 2026 86 24 min
Share:
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ သြဂုတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် သြဂုတ်လအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၁၀ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၃ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၃ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၁ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု (တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားခြင်း) - ၁ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - ၂ မှု အဖွဲ့၏ စံနှုန်းနှင့် မကို...
ရှိ/ Shield အမျိုးသမီးအဖွဲ့ အစီရင်ခံစာရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ သြဂုတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း၁။ ၂၀၂၅ခုနှစ် သြဂုတ်လအတွက် အနှစ်ချုပ်အသစ်တိုင်ကြားသောအမှု - ၁၀ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၃ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၃ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၁ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု (တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားခြင်း) - ၁ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - ၂ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - မရှိတိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - မရှိရပ်နားထားသောအမှု - မရှိ________________________________________၂။ ၂၀၂၅ခုနှစ် ဇန်နဝါရီလမှစ၍ အနှစ်ချုပ်စုစုပေါင်း တိုင်ကြားလာသောအမှု - ၅၇ မှု ဆောင်ရွက်ပြီးစီးသောအမှု - ၁၉ မှု လက်ရှိဆောင်ရွက်နေဆဲအမှု - ၁၉ မှု အခြားမိတ်ဖက်အဖွဲ့အစည်းအား လွှဲပြောင်းခဲ့သောအမှု - ၂ မှု မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု (တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားခြင်း) - ၂ မှု အဖွဲ့၏ စံနှုန်းနှင့် မကိုက်ညီ၍ ဆောင်ရွက်ခြင်းမပြုသောအမှု - ၃ မှု တိုင်ကြားသူနှင့် ဆယ်သွယ်၍ မရသောအမှု - ၇ မှု တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန် ကျန်ရှိသောအမှုများ - ၅ မှု ရပ်နားထားသောအမှု - မရှိ________________________________________၃။ သြဂုတ်လတစ်လတာအတွင်း ဆောင်ရွက်ပြီးစီးသောအမှုအကျဉ်းချုပ် - ၄ မှု***(၁) အမှုနံပါတ် - Case-0048*** (အရေးပေါ်လုပ်ဆောင်ခြင်း)အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအမျိုးအစား - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (***အသက် ၁၈နှစ်မပြည့်သေးသောအမှု***)စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Emergency Response Team and Executive Management Teamတွေ့ရှိချက်များက) ဇွန်လဆန်းတွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အသက်ပြည့်ပြီး အမျိုးသား (၁) ဦးက မြ၀တီကနေ လုံခြုံရေးအန္တရာယ် အရေးပေါ်အ‌ခြေအနေဆိုပြီး ဆက်သွယ်ခဲ့ကာ အသက်မပြည့်သေးသည့် ကျောင်းသူတစ်ဦးကို ခေါ်ထုတ်ပေးဖို့ အကူအညီတောင်းခံခဲ့တာကြောင့် ဆွေးနွေးတိုင်ပင်အကြံပေးခဲ့သည်။ခ) ထို့နောက် ဆက်သွယ်မှုမရှိတော့ဘဲ ဇူလိုင်လလယ်တွင် ကျောင်းသူကိုခေါ်ထုတ်ခိုင်းသည့် အမျိုးသား အပါအ၀င် အမျိုးသား(၂) ဦးနှင့် ကျောင်းသူသည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရဲ့ ဟိုတယ်တစ်ခုတွင် လာရောက်တည်းခို‌သည်ကို သိရှိခဲ့ရသည်။ ဂ) ရှိ/Shield အမျိုးသမီးအဖွဲ့က လိုအပ်သော စုံစမ်းဆွေးနွေးမှုများ လုပ်ဆောင်ပြီးနောက် ကျောင်းသူရဲ့ မိဘများ သေဆုံးပြီး အမွေပြဿနာများဖြစ်ကာ အသက်အန္တရာယ်ရှိနေတယ်ဆိုတဲ့ ဖြစ်စဉ်မှာမဟုတ်မှန်ကြောင်း သိရပြီး၊ ကောင်မလေးရဲ့ မိခင်ဖြစ်သူဟာ သက်ရှိထင်ရှား မြ၀တီမြို့တွင် ရှိနေပြီး ကောင်မလေးအား စိုးရိမ်တကြီး လိုက်လံရှာဖွေနေတယ်လို့ သတင်းရရှိသည်။ဆောင်ရွက်မှုများက) ဖြစ်စဉ်မှာ မှားယွင်းမှုများ ၊ မရိုးသားမှုများနဲ့ လိမ်ညာမှု‌များ တွေ့ရှိခဲ့တာကြောင့် ရှိ/Shield အမျိုးသမီးအဖွဲ့၏ လုံခြုံသောရပ်ဝန်းတွင် တစ်ညတာ နားခိုခွင့်ပေးခဲ့ပြီး ကျောင်းသူ၏ မိခင်ဖြစ်သူကို ပြန်လည် ဆက်သွယ်အပ်နှံပေးခဲ့သည်။ခ) အမျိုးသား (၂) ဦးကို ထိုင်းနိုင်ငံ မဲဆောက်မြို့ ရဲစခန်းမှာ အသက်မပြည့်သေးသည့် ကျောင်းသူကို ဖြားယောင်းသွေးဆောင်မှု၊ လိမ်လည်မှုများ တိုင်ကြားခဲ့ပြီး စစ်ဆေးရန် အပ်နှံပေးခဲ့သည်။________________________________________***(၂) အမှုနံပါတ် - Case-0052*** (အရေးပေါ်လုပ်ဆောင်ခြင်း)အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Case and Documentation Management Team and Other Partnersတွေ့ရှိချက်များက) သြဂုတ်လဆန်း ပထမပတ်တွင် အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားသူ အမျိုးသမီးတစ်ဦးမှ Shield အဖွဲ့အား အရေးပေါ်အကူအညီပေးရန် တောင်းဆိုခဲ့ပါသည်။ခ) တိုင်ကြားရခြင်း အဓိက အကြောင်းအရင်းမှာ တိုင်ကြားသူ အမျိုးသမီးဘက်မှ တရားဝင်ကွာရှင်းလိုခြင်း၊ (၃)နှစ်အရွယ် သားဖြစ်သူအား ဒဏ်ရာများရသည့်အထိ အမျိုးသားဖြစ်သူမှ ရိုက်နှက်ခြင်း၊ ကွာရှင်းခွင့်တောင်းချိန်များတွင် အိမ်ရှိပစ္စည်းများကို ရိုက်ခွဲဖျက်စီး ေသာင်းကျန်းခြင်း၊ အမျိုးသမီးအား အိမ်မှနှင်ချလေ့ရှိခြင်း၊ အသက်အန္တရာယ်ပြုမည်ကို ကြောက်ရွံ့၍ အခက်အခဲဖြစ်နေခြင်းတို့ကြောင့်ပင်ဖြစ်ပါသည်။ဆောင်ရွက်မှုများက) တိုင်ကြားသူ အမျိုးသမီးအား Shield အဖွဲ့ကိုယ်စား အကြောင်းပြန်ရာတွင် ကွာရှင်းသည့်အရေးကိစ္စအား ဆောင်ရွက်ပေးလို့မရနိုင်ကြောင်း၊ သက်ဆိုင်ရာ တရားရေးယန္တရားကသာ လုပ်ဆောင်နိုင်ကြောင်း ပြောဆိုရှင်းပြခဲ့ပါသည်။ ခ) အရေးပေါ်လိုအပ်သည်များကို အခြားမိတ်ဖက်အဖွဲ့အစည်းတစ်ခု၏ အဖွဲ့ဝင်များနှင့်ချိတ်ဆက်၍ သွားရောက် ကူညီဆောင်ရွက်ပေးခဲ့ပြီး တိုင်ကြားသူ အမျိုးသမီး၏ သဘောထားအရ လုံခြုံသောနေရာသို့ ပို့ဆောင်ပေးခဲ့ပါသည်။________________________________________***(၃) အမှုနံပါတ် - Case-0053*** (အရေးပေါ်လုပ်ဆောင်ခြင်း)အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Case and Documentation Management Team and Other Partnersတွေ့ရှိချက်များက) Shield အဖွဲ့၏ တရားဝင်ရုံးဖုန်းနံပါတ်အား သြဂုတ်လဒုတိယပတ်တွင် အိမ်တွင်းအကြမ်းဖက်ခံနေရသော အမျိုးသမီးတစ်ဦးမှ အရေးပေါ်ဆက်သွယ်လာခဲ့ပါသည်။ခ) တိုင်ကြားရခြင်း အဓိက အကြောင်းအရင်းမှာ တိုင်ကြားသူ၏ အမျိုးသားဖြစ်သူသည် အလုပ်လုပ်ရန် ပြောဆိုမှုအပေါ် မကျေနပ်၍ ကိုယ်ထိလက်ရောက်ကျူးလွန်ကြောင်း၊ တိုင်ချင်တဲ့နေရာ တိုင်နိုင်ကြောင်းကို ပြောဆိုနေသည်ဟု တိုင်ကြားလာခဲ့ပါသည်။ဆောင်ရွက်မှုများက) တိုင်ကြားသူအမျိုးသမီးအား Shield အဖွဲ့၏ တာဝန်ရှိသူမှ ဖုန်းစပီကာဖွင့်ခိုင်းပြီး သူမ၏ အမျိုးသားဖြစ်သူအား အကြမ်းဖက်မှုများမလုပ်ရန်၊ ဆက်လက်လုပ်ဆောင်လျှင် ရဲတိုင်၍ဖမ်းဆီးနိုင်ကြောင်း ဟန့်တားပြောဆိုခဲ့သည်။ခ) တိုင်ကြားသူနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ပြီးနောက် အဖွဲ့တွင်း ဆွေးနွေးမှုများလုပ်ဆောင်၍ နစ်နာသူလိုအပ်နေသော ခေတ္တတည်းခိုရန်နေရာအတွက် မိတ်ဖက်အဖွဲ့အစည်းတစ်ခုအား ချိတ်ဆက်အကူအညီတောင်းခံပေးခဲ့ပြီး တိုင်ကြားသူ အမျိုးသမီး၏ သဘောထားအရ သူမ၏ (၅) နှစ်အရွယ် သားနှင့်အတူ သွားလာရန်စီစဉ်၍ တည်းခိုရန်နေရာသို့ ပို့ဆောင်ပေးခဲ့ပါသည်။________________________________________***(၄) အမှုနံပါတ် - Case-0057*** (အရေးပေါ်လုပ်ဆောင်ခြင်း)အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဓိကတာဝန်ယူကိုင်တွယ်ခြင်း - Case and Documentation Management Team and Emergency Response Teamတွေ့ရှိချက်များက) ဩဂုတ်လ လလယ်တွင် Shield Women’s Organization သို့ တိုင်ကြားသူ အမျိုးသမီးသည် Shield Official Facebook Account သို့ ဆက်သွယ်ခဲ့ပြီး သူမ၏ အမျိုးသားဖြစ်သူမှ ကိုယ်ထိလက်ရောက် ကျူးလွန်သဖြင့် ရရှိလာသော သက်သေခံမှတ်တမ်းနှင့်အတူ ကူညီဆောင်ရွက်ပေးရန် အကူအညီ တောင်းခံခဲ့ပါသည်။ခ) နောက်နေ့တွင် အမျိုးသားဖြစ်သူနှင့်အတူ Shield ရုံးခန်းသို့ ကိုယ်တိုင်လာရောက်ဆွေးနွေးအဖြေရှာလိုကြောင်း အကူအညီ တောင်းဆိုခဲ့သည်။ဆောင်ရွက်မှုများက) ဆွေးနွေးအဖြေရှာမှုတွင် တိုင်ကြားခံရသူအမျိုးသားမှ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ကြောင်းဝန်ခံသဖြင့် အိမ်တွင်းအကြမ်းဖက်မှု၏ သဘောတရားများအား Shield အဖွဲ့၏ တာဝန်ရှိသူများမှ ဆွေးနွေးမျှဝေခဲ့ပြီး နောင်တွင်ယခုကဲ့သို့ ထပ်မံကျူးလွန်မှုမျိုး မပြုလုပ်ရန်နှင့် အမျိုးသမီးဖြစ်သူ၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအတွက် Shield အဖွဲ့၏ရုံးတွင် ခံဝန်လက်မှတ်ရေးထိုးခဲ့ကြပါသည်။ခ) တိုင်ကြားခံရသူ အမျိုးသားအနေဖြင့်လည်း အမျိုးသမီးဘက်မှ ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ရှိကြောင်း ပြန်လည်ချေပပြောဆိုမှုများရှိခဲ့ပြီး၊ အမျိုးသားဘက်မှ တရားဝင်ကွာရှင်းမှုနှင့်ပတ်သတ်၍ အကူညီတောင်းခံရာတွင် Shield အနေဖြင့် တရားဝင်ကွာရှင်းပေးမှုများ မလုပ်ဆောင်ပေးကြောင်း အမျိုးသားအား အသိပေးပြောကြားခဲ့သည်။ဂ) အမျိုးသားအနေဖြင့်လည်း တရားဝင်တိုင်ကြားမှုများ လုပ်မည်ဆိုပါက Shield အဖွဲ့မှ တရားမျှတမှု အတွက်သာ ရှေးရှုဆောင်ရွက်မည်ဖြစ်ပြီး၊ ဂျဲန်ဒါခွဲခြားမှုမရှိပဲ ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမျိုးသားအား အသိပေးပြောကြားခဲ့သည်။________________________________________၄။ ထူးခြားတွေ့ရှိချက်များက) အမျိုးသမီးများအား အိမ်တွင်းအကြမ်းဖက်မှုများ အကြိမ်ကြိမ်ကျူးလွန်ခြင်း။ခ) အသက်မပြည့်သေးသော အမျိုးသမီးငယ်အား လိမ်လည်လှည့်ဖြားကာ ခေါ်ယူနေထိုင်ခြင်း။ဂ) အဖွဲ့၏ အရေးပေါ်ဆောင်ရွက်ရမှုများ ပိုမိုများပြားလာခြင်း။ဃ) မည်သည့်အကြမ်းဖက်မှုမဆို ကျူးလွန်ခံရသူများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိုပါ အလိုအလျောက်ခံစားရခြင်း။________________________________________၅။ လိုက်နာဆောင်ရွက်ရန် အချက်များက) အိမ်တွင်းအကြမ်းဖက်မှုများအား မည်သူမဆို ရှောင်ကြဉ်ရန်။ခ) အမျိုးသမီးများအား လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများ/ အကြမ်းဖက်မှုများမပြုလုပ်ရန်။ဂ) အသက်ပြည့်သည်ဖြစ်စေ မပြည့်သည်ဖြစ်စေ အမျိုးသမီးများအား လိမ်လည်ဖြားယောင်းခေါ်ဆိုခြင်း၊ ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းများအား ရှောင်ကြဉ်ရန်။________________________________________၆။ သြဂုတ်လတစ်လတာအတွင်း အသစ်တိုင်ကြားသောအမှု - ၁၀ မှု ***(၁) အမှုနံပါတ် - Case-0048*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၁ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Emotional Abuse)စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - ဂျဲန်ဒါအခြေပြုအကြမ်းဖက်မှု (***အသက် ၁၈နှစ်မပြည့်သေးသောအမှု***)***(၂) အမှုနံပါတ် - Case-0049*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၅ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Abuse)စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန်ကျန်ရှိ***(၃) အမှုနံပါတ် - Case-0050*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၁၁ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Sexual Exploitation)စုံစမ်းဆောင်ရွက်မှုအဆင့် - မှတ်တမ်းအဖြစ်သာထားရှိသည့်အမှု (တိုင်ကြားသူဘက်မှ ရုတ်သိမ်းသွားခြင်း)အဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု ***(၄) အမှုနံပါတ် - Case-0051*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၁၃ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - စိတ်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Emotional Abuse)စုံစမ်းဆောင်ရွက်မှုအဆင့် - လက်ရှိဆောင်ရွက်နေဆဲ***(၅) အမှုနံပါတ် - Case-0052*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၆ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence)စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု ***(၆) အမှုနံပါတ် - Case-0053*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၉ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence)စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု ***(၇) အမှုနံပါတ် - Case-0054*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၂၀ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence)စုံစမ်းဆောင်ရွက်မှုအဆင့် - တိုင်ကြားလာသည်ကိုအကြောင်းပြန်ရန်ကျန်ရှိ***(၈) အမှုနံပါတ် - Case-0055*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၂၆ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (Sexual Abuse)စုံစမ်းဆောင်ရွက်မှုအဆင့် - လက်ရှိဆောင်ရွက်နေဆဲ***(၉) အမှုနံပါတ် - Case-0056*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၂၃ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှု (Sexual Exploitation)စုံစမ်းဆောင်ရွက်မှုအဆင့် - ဆောင်ရွက်နေဆဲ***(၁၀) အမှုနံပါတ် - Case-0057*** အမှုတိုင်ကြားလာသည့် ရက်စွဲ - ဩဂုတ်လ ၁၆ရက်နေ့၊ ၂၀၂၅ ခုနှစ်အမှုတိုင်ကြားလာသည့် ခေါင်းစဉ် - အိမ်တွင်းအကြမ်းဖက်မှု (Domestic Violence)စုံစမ်းဆောင်ရွက်မှုအဆင့် - အမှုပိတ်သိမ်းအဖွဲ့၏ ကောက်ချက်ချသော အမှုခေါင်းစဉ် - ရုပ်ပိုင်းဆိုင်ရာအကြမ်းဖက်မှုအဖွဲ့၏ ကောက်ချက်ချသော အမှုအမျိုးအစား - အိမ်တွင်းအကြမ်းဖက်မှု________________________________________၇။ နိဂုံးချုပ်အထက်ပါဖော်ပြခဲ့သော အမှုအကြောင်းအရာများသည် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ သြဂုတ်လအတွင်း လက်ခံဆောင်ရွက်ခဲ့သော အမှုအကြောင်းအရာများဖြစ်ပါသည်။ ရှိ/ Shield အမျိုးသမီးအဖွဲ့သည် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲ၊ ဆောင်ရွက်မည့် အမှုကိစ္စများကို ကာယကံရှင်တို့၏ အချက်အလက်များနှင့် သက်သေအထောက်အထားများအား လုံခြုံစွာထိန်းသိမ်းလျက် နစ်နာသူများအား ပြန်လည်ကုစားခြင်း၏ အစိတ်အပိုင်းတစ်ခုအဖြစ် သာတူညီမျှနှင့် တန်းတူညီမျှအခွင့်အရေးများ ပြန်လည်ရရှိရန် အဘက်ဘက်မှ ကြိုးစားလျက် ဆောင်ရွက်ပေးနေသော အဖွဲ့အစည်းဖြစ်ပါသည်။ထိုအမှုများဖြေရှင်းဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ဆက်သွယ်ရန်ရှိ/ Shield အမျိုးသမီးအဖွဲ့ (Shield Women’s Organization)+66 6 269 323 37info@shieldwomen.orgကျေးဇူးတင်လျှက်(Case and Documentation Management Team)
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ ဩဂုတ်လတစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ