အားလုံးကြည့်ရန်

🌈 Happy Pride Month 2025

Share:
🌈 Happy Pride Month 2025Pride Month ဟာဆိုရင် LGBTQ+ အသိုင်းအဝိုင်းရဲ့ သမိုင်းကြောင်းများ၊ အောင်မြင်မှုများနှင့် ခွဲခြားမှုကင်းသော လူ့ဘောင်အဖွဲအစည်းတစ်ခု ဖန်တီးရန်အတွက် ဆက်လက်ကြိုးပမ်းနေမှုများကို ဂုဏ်ပြုဖော်ပြတဲ့ အထူးအခမ်းအနားတစ်ခုဖြစ်ပါတယ်။📅 ဇွန်လ ၁ ရက်မှ ၃၀ ရက်အထိ ကမ္ဘာအနှံ့က လူတွေဟာ တေးဂီတဖျော်ဖြေပွဲများ၊ အနုပညာပြပွဲများ၊ ပညာပေးဆွေးနွေးပွဲများ၊ ဖက်ရှင်ပွဲများနှင့် အွန်လိုင်းလှုပ်ရှားမှုများမှတစ်ဆင့် LGBTQ+ အသိုင်းအဝိုင်း၏ လိင်စိတ်ခံယူမှု စုံလင်ကွဲပြားမှု၊ တန်ဖိုးရှိမှုနှင့် သတ္တိတန်ခိုးများကို လူထုအကြား ပိုမိုမြင်သာလာအောင် ဤကာလမှာ ဂုဏ်ပြုပြသကြပါတယ်။📚 သမိုင်းကြောင်းအနည်းငယ်Pride Month ဟာဆိုရင် ၁၉၆၉ ခုနှစ်၊ ဇွန်လတွင် အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ လှုပ်ရှားခဲ့တဲ့ Stonewall Uprising မှ စတင်ခဲ့တာဖြစ်ပါတယ်။ Stonewall Uprising သည် LGBTQ+ လူမှုအဖွဲအစည်းအတွက် တရားမျှတမှုရရှိရေး လှုပ်ရှားမှု၏ စမှတ်တစ်ခုဖြစ်လာခဲ့ပါတယ်။ UK မှာ ပထမဆုံး Pride March ကို ၁၉၇၂ ခုနှစ်တွင် လန်ဒန်မြို့၌ ကျင်းပခဲ့ပြီး ယနေ့ထိ မြို့ကြီးများအနှံ့တွင် ဂုဏ်ပြုဖော်ပြသောပွဲများကျင်းပလျက်ရှိပါတယ်။🏳️‍🌈မျိုးစုံဖွဲ့စည်းမှုနဲ့ ချစ်ခြင်းမေတ္တာကို ဂုဏ်ပြုကြစို့။ရှိ/ Shield အမျိုးသမီးအဖွဲ့ အနေဖြင့် ကျွန်ုပ်တို့သည် ချစ်ခြင်းမေတ္တာကိုအခြေခံ၍ လူတိုင်းသည် မိမိ၏ဖြစ်တည်မှုကိုဂုဏ်ယူစွာ ရှင်သန်ခွင့်ရှိကြောင်းကို လေးစားယုံကြည်ပါတယ်။ ဤ Pride Month ၌လည်း မတူကွဲပြားခြားနားမှုများကို လေးစားပြီး၊ လူတိုင်းအတွက် တန်းတူညီမျှမှုရှိလာစေရန် ပူးပေါင်းပါ၀င်ကြပါစို့။📣 ချစ်ခြင်းမေတ္တာသည် အားလုံးအတွက်ဖြစ်သည်။Let love shine. Let voices rise. Let us all walk together in pride.
SHIELD

Admin

Shield Women ၏ တရားဝင်သတင်းတင်ဆက်သူဖြစ်ပြီး ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ဆက်စပ်သတင်းများ

မှတ်ချက်များ (0)

မှတ်ချက်ပေးရန် အကောင့်ဝင်ပါ။

အကောင့်ဝင်မည်

မှတ်ချက် မရှိသေးပါ။

နောက်ဆုံးရသတင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မေလ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုများအား အစီရင်ခံတင်ပြခြင်း
လူဖတ်အများဆုံး
ပိုမိုကောင်းမွန်သော အနာဂတ်နှင့် အမျိုးသမီးများ၏ ဘဝလုံခြုံရေး၊ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်
106
ဒေါ်ဝါဝါဝင်း (ခ) Grace သိစေရန် ထုတ်ပြန်ချက်
97
"နှစ်သစ်ကူး အားလပ်ရက်နှင့် ဆုမွန်ကောင်းတောင်းခြင်း"
95
" မတရားဖမ်းဆီးခံ အမျိုးသမီး ၂ ဦးနှင့် ၁၁ ရက်ကြာ အဆက်အသွယ်မရ၊ သက်ဆိုင်ရာ အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းပေးရန် လိုအပ် "
88
ရှိ/ Shield အမျိုးသမီးအဖွဲ့ Case & Documentation Management Team ၏ မတ်လ တစ်လတာအတွင်း စုံစမ်းဖြေရှင်းခဲ့သောအမှုအစီရင်ခံတင်ပြခြင်း
78
ကဏ္ဍများ
အသုံးဝင်သောလင့်များ
ပင်မ ကဏ္ဍများ