Shield Women Organization (၁) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်
SHIELD
Apr 10, 2026
129
7 min
Shield Women Organization (၁) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်"လုံခြုံမှုမှသည် စွမ်းဆောင်နိုင်မှုဆီသို့ တစ်နှစ်တာ ခရီးစဉ်နှင့် ရှေ့ဆက်မည့် မျှော်လင့်ချက်”Shield Women Organization ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် Member အခြေပြုသည့်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ သည် အဖွဲ့အစည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ လွန်ခဲ့သော တစ်နှစ်တာအတွင်း ကျွန်ုပ်တို့အဖွဲ့အစည်းသည်အမျိုးသမီးများနှင့် အခြားသော ဂျဲန်ဒါခံယူမှုကွဲပြားသူများနှင့် အသီးသီးသော လူနည်းစုအုပ်စုမျ...
Shield Women Organization (၁) နှစ်ပြည့် အထိမ်းအမှတ် ထုတ်ပြန်ချက်"လုံခြုံမှုမှသည် စွမ်းဆောင်နိုင်မှုဆီသို့ တစ်နှစ်တာ ခရီးစဉ်နှင့် ရှေ့ဆက်မည့် မျှော်လင့်ချက်”Shield Women Organization ကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် Member အခြေပြုသည့်အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ ၂၆ သည် အဖွဲ့အစည်းတည်ထောင်ခြင်း (၁) နှစ်ပြည့်မြောက်သောနေ့ဖြစ်ပါသည်။ လွန်ခဲ့သော တစ်နှစ်တာအတွင်း ကျွန်ုပ်တို့အဖွဲ့အစည်းသည်အမျိုးသမီးများနှင့် အခြားသော ဂျဲန်ဒါခံယူမှုကွဲပြားသူများနှင့် အသီးသီးသော လူနည်းစုအုပ်စုများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနှင့် ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်တစ်ခု ဖန်တီးနိုင်ရေးအတွက် အခက်အခဲများစွာကြားမှ ခိုင်မာစွာ ရပ်တည်ခဲ့ပါသည်။၁။ ကျွန်ုပ်တို့၏ တစ်နှစ်တာ အောင်မြင်မှုများ * အမှုများစီမံခန့်ခွဲခြင်းနှင့်အကူအညီပေးမှု(က) အကြမ်းဖက်ခံရသူနှင့် အကြမ်းဖက်ခံရမှုများမှလွတ်မြောက်လာသူ အမျိုးသမီး၊ အမျိုးသားနှင့် LGBTQ များ၏ အရေးပေါ်အမှုကိစ္စများအပါအဝင် တိုင်ကြားလာမှုဖြစ်စဥ်စုစုပေါင်း (၈၁) ခုကို ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ အတွက် နှစ်သိမ့်ဆွေးနွေးမှုများနှင့် အရေးပေါ်ရွှေ့ပြောင်းခြင်းနှင့် ပံ့ပိုးကူညီမှု၊ ဥပဒေရေးရာဖြင့် လက်လှမ်းမှီသလောက်ဆောင်ရွက်နိုင်ရန် တိုင်ပင်ဆွေးနွေးမှုများ၊ လူမှုတရားမျှတရေးဖော်ဆောင်မှုနှင့် အခြားသော အဖွဲ့များဖြင့် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန်မှုများပေးနိုင်ခဲ့ခြင်း။ * အသိပညာပေးမှုနှင့် စွမ်းဆောင်ရည်မြှင့်တင်မှု(က) အမျိုးသမီးနှင့် ဂျဲန်ဒါအခွင့်အရေးနှင့်အတူ လုံခြုံရေးဆိုင်ရာ ပညာပေးမှုများကို လစဉ် အစီရင်ခံစာများ မှတဆင့် In person/Online မျှဝေမှုများအား အဖွဲ့၏ Volunteer များ၊ Member များ အပါအဝင် ပြည်သူလူထုထံသို့ ရောက်ရှိအောင် လက်လှမ်းမှီသလောက် ဖြန့်ဝေနိုင်ခဲ့ခြင်း။(ခ) လုံခြုံပြီး အကြမ်းဖက်မှုကိုလျှော့ချသော ပတ်ဝန်းကျင်တစ်ခုတည်ဆောက်နိုင်ရန် အဖွဲ့၏ Volunteer များနှင့်အတူ ဂျဲန်ဒါ၊ မတူကွဲပြားမှုနှင့် တန်းတူညီမျှမှုတို့ကိုအခြေခံသည့် အဖွဲ့တွင်း စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းများ၊ စကားဝိုင်းငယ်များ၊ စုဝေးခြင်းနှင့် ဝေမျှခြင်းများကို လုပ်ဆောင်နိုင်ခဲ့ခြင်း။* လူမှုအသိုင်းအဝိုင်းဆိုင်ရာအကျိုးဖြစ်မှု (က) အချင်းချင်း ဖေးမကူညီပေးမည့် အခြားသောဂျဲန်ဒါလူနည်းအုပ်စုများအပါအဝင် လုံခြုံသည့် အမျိုးသမီးကွန်ရက်တစ်ခုကို အားကောင်းစွာ တည်ဆောက်နိုင်ခဲ့ခြင်း။၂။ ကျွန်ုပ်တို့၏ တိုက်တွန်းချက်များကျွန်ုပ်တို့သည် (၁) နှစ်ပြည့် အခါသမယတွင် လူထုနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများထံ အောက်ပါအချက်များကို အတူပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းလိုပါသည်။* Zero Tolerance: အမျိုးသမီးများနှင့် မတူကွဲပြားသောဂျဲန်ဒါအုပ်စုများအပေါ် မည်သည့်ပုံစံနှင့်မဆို အကြမ်းဖက်မှုကို လုံးဝ (လုံးဝ) လက်မခံသည့် လူ့အဖွဲ့အစည်းဖြစ်လာစေရန်။* Right to Safety: မည်သည့်နေရာတိုင်းမဆို (အိမ်တွင်း၊ လုပ်ငန်းခွင်နှင့် အများပြည်သူဆိုင်ရာနေရာများစသည့်) အမျိုးသမီးများနှင့် မတူကွဲပြားသောဂျဲန်ဒါအုပ်စုများအတွက် လုံခြုံသော နေရာများ ဖြစ်လာစေရန်။* Voice of Survivors: အကြမ်းဖက်ခံရသူများ၏ အသံကို နားထောင်ပေးရန်နှင့် ထိုသူတို့ကို အပြစ်တင်ခြင်း (Victim Blaming)ကို ရပ်တန့်စေရန်။၃။ နိဂုံးနှင့် ကတိကဝတ်"Shield" ဟူသည့် နာမည်နှင့်အညီ ကျွန်ုပ်တို့သည် အမျိုးသမီးနှင့် မတူကွဲပြားသောဂျဲန်ဒါအုပ်စုများအတွက် အကာအကွယ်တံတိုင်းတစ်ခုအဖြစ် ဆက်လက်အတူတကွတည်ရှိနေမည်ဖြစ်ပြီး၊ အမျိုးသမီးနှင့် မတူကွဲပြားသောဂျဲန်ဒါအုပ်စုများသည် မိမိတို့၏ ခေါင်းဆောင်မှုနှင့် စွမ်းဆောင်ရည်တို့ကို ကြောက်ရွံ့ခြင်းကင်းစွာဖြင့် ဖော်ထုတ်နိုင်မည့် အနာဂတ်သို့ အတူတကွ လျှောက်လှမ်းသွားမည် ဖြစ်ပါသည်။ တစ်နှစ်ပြည့်သည်အထိ ရပ်တည်ဆောင်ရွက်ရာတွင် ပါ၀င်ကူညီအားဖြည့်ပေးခဲ့ကြသော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်တစ်ဦးချင်းဆီအား အထူးပင်လေးစားကျေးဇူးတင်ရှိပါသည်။ထိပ်ထားFounder and Chairpersonရှိ/Shield Women Organization
မှတ်ချက် မရှိသေးပါ။