Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ငလျင်ဘေးအရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်မှ စုစုပေါင်းအလှူငွေ ၂၉,၇၄၂,၃၅၀ ကျပ် (နှစ်ရာ ကိုးဆယ့် ခုနစ်သိန်း လေးသောင်း နှစ်ထောင် သုံးရာ့ ငါးဆယ်ကျပ်တိတိ) ကို ရရှိ လှူဒါန်းနိုင်ခဲ့ပါသည်။
၂၀၂၅၊ ဧပြီလတွင် မြန်မာပြည်သူများ ကြုံတွေ့ခံစားခဲ့ရသည့် ငလျင်ဘေးဒဏ်အတွက် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် Shield Women Organization တို့ပူးပေါင်းဆောက်ရွက်သည့် “ငလျင်ဘေး အရေးပေါ် ကူညီကယ်ဆယ်ရေး အစီအစဉ်” ကို ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ ရက်နေ့တွင် စတင်လုပ်ဆောင်ခဲ့ပြီး မေလ ၃ ရက်နေ့တွင် ရပ်နားလိုက်ပြီဖြစ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
Shield Women Organization သည် ဂျပန်နိုင်ငံ Nakatsu မိသားစုထံမှ မြန်မာငွေကျပ် ၁၈,၃၆၇,၀၀၀ ကျပ် (တစ်ရာ ရှစ်ဆယ့် သုံးသိန်း ခြောက်သောင်း ခုနှစ်ထောင် ကျပ်တိတိ) နှင့် ညီမျှသည့် JPY 647,272 (ခြောက်သိန်း လေးသောင်း ခုနှစ်ထောင့် နှစ်ရာ ခုနှစ်ဆယ့် နှစ်ယန်းတိတိ) နှင့်အတူ မြန်မာငွေ ၃,၂၁၅,၀၀၀ ကျပ် (သုံးဆယ့် နှစ်သိန်း တစ်သောင်း ငါးထောင်ကျပ်တိတိ)၊ စုစုပေါင်း ၂၁,၅၈၂,၀၀၀ ကျပ် (နှစ်ရာ တစ်ဆယ့် ငါးသိန်း ရှစ်သောင်း နှစ်ထောင် ကျပ်တိတိ) ကိုလက်ခံရရှိခဲ့ပြီး Shield Women Organization ထံသို့ အလှူရှင်များလာရောက်လှူဒါန်:ငွေမှာ မြန်မာငွေ ၈,၁၆၀,၃၅၀ ကျပ် (ရှစ်ဆယ့် တစ်သိန်း ခြောက်သောင်း သုံးရာ့ ငါးဆယ် ကျပ်တိတိ) တို့ကိုလက်ခံရရှိခဲ့ပါသည်။
ထိုကြောင့် Nakatsu မိသားစုနှင့် Shield Women Organization တို့၏ ငလျင်ဘေးအရေးပေါ်ကူညီကယ်ဆယ်ရေးအစီအစဉ်မှ စုစုပေါင်းအလှူငွေ ၂၉,၇၄၂,၃၅၀ ကျပ် (နှစ်ရာ ကိုးဆယ့် ခုနစ်သိန်း လေးသောင်း နှစ်ထောင် သုံးရာ့ ငါးဆယ်ကျပ်တိတိ) ကို ရရှိခဲ့ပါသည်။
၂၀၂၅ ခုနှစ်၊ ဧပြီလ ၂ရက်မှ မေလ ၃ရက်အထိ ငလျင်ဘေးသင့် ပြည်သူများအား Nakatsu မိသားစုနှင့် Shield Women Organization တို့မှ ပံ့ပိုးကူညီခဲ့သည့် အလှူငွေနှင့် လုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြခြင်း။
ကူညီထောက်ပံ့မှု အသေးစိတ်
ဧပြီလ ၂ ရက်မှ မေလ ၃ ရက်အတွင်း အောက်ပါဒေသများသို့ အရေးပေါ်လိုအပ်ချက်များကို ပံ့ပိုးခဲ့ပါသည်။
•(၂.၄.၂၀၂၅) ရက်တွင် မန္တလေးမြို့ ၊ အမရပူရမြို့များသို့ ရေသန့်လှုဒါန်းခြင်း (သိန်း ၂၀ကျပ်)
•(၄.၄.၂၀၂၅)ရက်တွင် စစ်ကိုင်းတိုင်း၊ မင်းကွန်းမြို့နှင့် မင်းကွန်းမြို့နယ်၊ ရေကားရွာတို့ထံသို့ ရေ၊ဆေးဝါး၊အမျိုးသမီးလစဥ်သုံးနှင့် ခြင်ဆေး (၂၂) သိန်းကျပ်
•(၄.၄.၂၀၂၅) ရက်တွင် ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ဟဲယားရွာမရှိ အိမ်ခြေတစ်ထောင်ကျော်နှင့် အနီးပတ်ဝန်းကျင်ဒေသအတွက် အရေးပေါ်သောက်သုံးရေရရှိစေရေး ရေသန့်စက်၊ရေတင်စက်လည်ပတ်နိုင်ရန် ဒီဇယ်၊ အမျိုးသမီးလစဥ်သုံး၊ ဆေးဝါးနှင့် ဓာတ်ဆား ငွေကျပ် (၂၂) သိန်းကျပ်
•(၄.၄.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ရွာ(၇)မှ အိမ်ထောင်စု (၅၅) စုစာအတွက် မိုးကာနှင့်ဆေးဝါးအလှူအဖြစ် (၂၂) သိန်းကျပ်
•(၅.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများသို့ အာဟာရဒါနအလှူငွေ (၂၂) သိန်းကျပ်
•(၈.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ်ရှိ ငလျင်ဘေးသင့်ပြည်သူများသို့ ဆန်နှင့် အခြေခံစားသောက်ကုန် လှုဒါန်းခြင်း (၂၅) သိန်းကျပ်
•(၈.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်/ချမ်းတောင်(တောင်ရွာသစ်ရပ်ကွက်) ရှိ ငလျင်ဘေးသင့်ပြည်သူ ဦး(၂၀)စာ အခြေခံစားသောက်ကုန် သိန်း(၂၀) ကျပ်
•(၈.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ သံဝန်းရပ်ရှိ ငလျင်ဘေးသင့်အိမ်ထောင်စု (၄၀) စာအတွက် အောက်ခံ အခင်းအလှူ သိန်း (၂၀) ကျပ်
•(၁၀.၄.၂၀၂၅) ရက်တွင် ရှမ်းပြည်နယ်၊ အင်းလေးဒေသ၊ ဟဲယားရွာမ (၁၃)ရွာအတွက် ရေပိုက် (၁၀) သိန်းကျပ်၊
•(၁၁.၄.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်း၊ တင်းတိပ်ရွာရှိ အိမ်ထောင်စု (၃၃၀) အတွက် ငလျင်ဘေးသင့်ပြည်သူများထံသို့ ဆန်နှင့် အခြေခံစားသောက်ကုန် (၄၁.၇) သိန်းကျပ်
•(၁၉.၄.၂၀၂၅) ရက်တွင် မန္တလေးတိုင်း၊ အမရပူရမြို့နယ် / တောင်ကြီးရပ် အရှေ့ဆင်တိုင်ရပ် ရှိ ငလျင်ဘေးသင့်ပြည်သူ (၅၅)ဦးစာ အခြေခံစားသောက်ကုန် လှုဒါန်းခြင်း သိန်း(၃၀) ကျပ်
•(၂၃.၄.၂၀၂၅) ရက်တွင် စစ်ကိုင်းတိုင်း မယ်ဇလီချောင်းကျေးရွာရိ ရှိ ငလျင်ဘေးသင့်ပြည်သူ (၂၀) ဦး စာ ရေသန့် Filter လှုဒါန်းခြင်း သိန်း(၃၀) ကျပ်
•(၃.၅၂၀၂၅) ရက်တွင် မန္တလေးတိုင်း ရွာသစ်ရပ် ရှိ ငလျင်ဘေးသင့်ပြည်သူ (၂၄) ဦးစာ အခြေခံစားသောက်ကုန် လှုဒါန်းခြင်း ၁,၂၇၂,၃၅၀ ကျပ် (ဆယ့်နှစ်သိန်း ခုနစ်သောင်း နှစ်ထောင် သုံးရာ ငါးဆယ်) ကျပ်တို့ အသီးသီးပေးပို့ လှုဒါန်းခဲ့ပါသည်။
လှူဒါန်းမှုအသေးစိတ် မှတ်တမ်းများအား ကျွန်ုပ်တို့၏ ရှိ/ Shield Facebook Page တွင် ဖော်ပြထားပါသည်။
Nakatsu မိသားစု နှင့် Shield Women Organization တို့ပူးပေါင်း၍ ဒေသ (၆) ခုရှိ အိမ်ထောင်စု (၄၇၀) ခန့် အတွက် အစားအစာ၊ အမိုးအကာများလှုဒါန်းနိုင်ခဲ့ပြီး ရပ်ကွက် (၂၀) ကျော်အတွက် ရေသန့်လှုဒါန်းခြင်းများဆောင်ရွက်နိုင်ခဲ့ပါသည်။
Nakatsu မိသားစု၊ Shield Women Organization နှင့် ပူးပေါင်းကူညီခဲ့သည့် အလှူရှင်များ၊ ဒေသခံအဖွဲ့အစည်းများအား ကျေးဇူးတင်ရှိကြောင်း အထူးဖော်ပြအပ်ပါသည်။ ဆက်လက်၍ ဘေးအန္တရာယ်ကူညီရေးလုပ်ငန်းများတွင် ပါဝင်လိုသူများအား ဖိတ်ခေါ်အပ်ပါသည်။
မှတ်ချက် ။ ။
•ငွေကြေးအသုံးပြုမှုနှင့် လုပ်ငန်းဆောင်ရွက်ပုံများကို ပွင့်လင်းမြင်သာစွာ စိစစ်နိုင်ပါသည်။
•အချက်အလက်များ သိရှိလိုပါက ကျွန်ုပ်တို့၏ Facebook Page ကိုဖြစ်စေ Website: https://shieldwomen.org သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။
ကျေးဇူးတင်စွာဖြင့်
Nakatsu မိသားစုနှင့် Shield Women Organization
ဆက်သွယ်ရန်
Shield Women Organization
Email: Info@shieldwomen.org
Phone: +668 240 18255
(ဤထုတ်ပြန်ချက်ကို Nakatsu မိသားစုနှင့် Shield Women Organization တို့က ပြည်သူများအား ပွင့်လင်းမြင်သာစွာ တင်ပြခြင်းဖြစ်ပါသည်။)



