၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက် မွန်းလွဲ (၄)နာရီ (၂၉) မိနစ်တွင် လာရောက်တိုင်ကြားခဲ့သော အိမ်တွင်းအကြမ်းဖက်မှု

အရေးပေါ်ကူညီမှု ထုတ်ပြန်ချက်

==================
ရှိ/ Shield အမျိုးသမီးအဖွဲ့
ထုတ်ပြန်သည့်ရက်စွဲ – ၂၀၂၅ ခုနှစ်၊ ဧပြီလ (၂၀) ရက်
ထုတ်ပြန်သည့်အမှတ်စဉ် – ၀၀၁၆/ ၂၀၂၅
ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက် မွန်းလွဲ (၄)နာရီ (၂၉) မိနစ်တွင် လာရောက်တိုင်ကြားခဲ့သော အိမ်တွင်းအကြမ်းဖက်မှု အမှုနှင့်ပတ်သက်၍ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၉) ရက်တွင် အောက်ပါအတိုင်း စီမံဆောင်ရွက်ပေးခဲ့ပါသည်။
၁။ ဖြစ်ရပ်အကြောင်းအရာ
• အမျိုးသမီးသည် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့သို့ တော်လှန်ရေးကြောင့် မိသားစုလိုက် တိမ်းရှောင်လာရသော CDM မိသားစု၀င်ဖြစ်ပြီး အမျိုးသားဖြစ်သူ CDM ကျောင်းဆရာထံမှ အကြိမ်ကြိမ် အိမ်တွင်းအကြမ်းဖက်ခံရခြင်းကြောင့် ကွာရှင်းရန် ဆုံးဖြတ်ထားသဖြင့် ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ တယ်လီဖုန်းဖြင့်အရေးပေါ် ဆက်သွယ် အကူအညီတောင်းခံခဲ့သည်။
• ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် တိုင်ကြားမှုလက်ခံပြီးသည်နှင့် အမျိုးသမီးထံမှ လိုအပ်သော သတင်းအချက်အလက်များစုဆောင်းရန်နှင့် လုံခြုံရေး၊ ကျန်းမာရေးအခြေအနေများကို ကြည့်ရှုပေးရန် အခင်းဖြစ်ပွားသောနေ့ ၂၀၂၅ ခုနှစ်၊ ဧပြီလ (၁၆) ရက်တွင် ချက်ချင်း သွားရောက်တွေ့ဆုံခဲ့ပြီး ၂၀၂၅ခုနစ်၊ ဧပြီလ (၁၉) ရက်တွင် အမျိုးသမီး၏ လုံခြုံရေးနှင့် တရားဥပဒေအထောက်အကူအတွက် ထိုင်းရဲတပ်ဖွဲ့ကို တိုက်ရိုက်ဆက်သွယ်၍ ဝင်ရောက်စေ့စပ်ဖြေရှင်းပေးခဲ့ပါသည်။
• အမျိုးသားဘက်မှ ကွာရှင်းရန် သဘောမတူဘဲ ငြင်းဆန်ခဲ့ခြင်းကြောင့် လတ်တလောတွင် တရားဝင် ခွဲခွာနေထိုင်ခြင်း (Separation) ပြုလုပ်ရန် အဖွဲ့မှ အကြံပြုညှိနှိုင်းပေးခဲ့သည်။
• အဆိုပါ အကြံပြုချက်အား နှစ်ဦး လက်ခံသဖြင့် ထိုင်းရဲတပ်ဖွဲ့သို့ အကူအညီတောင်းခံ၍ ထိုင်းရဲရှေ့တွင် တရားဝင် ခွဲနေထိုင်ရန် နှစ်ဦးသဘောတူ ကတိပြုချက်ကို ရယူခဲ့ကြပြီး အမျိုးသားဘက်မှ အိမ်ထောင်ဖက်အား ထပ်မံထိပါးနှောင့်ယှက်ပါက ချက်ချင်းထိန်းသိမ်းမည်ဟု ထိုင်းရဲမှ သတိပေးခဲ့သည်။
ရှိ/Shield အမျိုးသမီးအဖွဲ့သည် တိုင်တန်းလာသူများ၏ နစ်နာမှုများကို အခြေအနေပေါ်မူတည်၍ စုံစမ်းကူညီမှုများကို လုပ်ဆောင်ပေးနေပြီဖြစ်သည့်အတွက် မိမိတို့၏ အမှန်တရားအတွက် ဝိုင်းဝန်းအဖြေရှာပေးရန် အကူအညီလိုအပ်သူများကို ဖေးမကူညီရန် အသင့်ရှိနေပါသည်။
တိုင်တန်းလိုသူများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းတင်သွင်းတိုင်ကြားနိုင်ပါသည်။
ဆက်သွယ်ရန်
ရှိ/Shield အမျိုးသမီးအဖွဲ့
ဖုန်း – (+66 8 240 18255)
အီးမေးလ် – emergency@shieldwomen.org
တာဝန်ယူထုတ်ပြန်သည့်အဖွဲ့
(Emergency Response Team)
ဤထုတ်ပြန်ချက်ကို အများပြည်သူသိရှိစေရန် ပြန်လည်မျှဝေနိုင်ပါသည်။

 

 

Leave a Comment

Your email address will not be published. Required fields are marked *