လူမှုရေး အရေးယူခြင်း (Social Punishment) ထုတ်ပြန်ချက်
===========================================
အကြောင်းအရာ
ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) ဝင် အမျိုးသမီးတစ်ဦးအား (၃) နှစ်နီးပါးကြာ အကြင်လင်မယားအဖြစ် အတူနေထိုင်ခဲ့ပြီး အကြောင်းပြချက်မရှိဘဲ စွန့်ခွာခြင်း၊ ထပ်မံအိမ်ထောင်ပြုကာ ပထမအမျိုးသမီး၏ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စကားများ
ပြောဆိုခြင်း၊ ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းတို့ကြောင့် လူမှုရေး အရေးယူခြင်း။
ကျူးလွန်သူ အမျိုးသား၏ နောက်ခံအခြေအနေ
အဆိုပါအမျိုးသား ထွန်းလင်းငြိမ်း (ခ) ဖိုးလပြည့် သည် ယခင်က PDF တပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးဖြစ်သော်လည်း လက်ရှိတွင် တပ်မှ တရားမဝင် ထွက်ပြေးသူ (တပ်ပြေး) တစ်ဦးဖြစ်သည်။ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီတွင် ကျူးလွန်သူသည် မိမိနှင့် အတူနေထိုင်ခဲ့သည့် အမျိုးသမီးအား အကြောင်းပြချက်မရှိဘဲ စွန့်ခွာခဲ့ပြီး အခြား အမျိုးသမီးတစ်ဦးနှင့် ထပ်မံ အိမ်ထောင်ပြုခဲ့သည်။
ထို့အပြင် ပထမအမျိုးသမီးအား ဂုဏ်သိက္ခာကျစေရန် ရည်ရွယ်ချက်ဖြင့် ပတ်ဝန်းကျင်တွင် မတရားပြောဆိုခြင်း၊ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့သည့်အပြင် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုများဖြစ်စေခဲ့သည်။
ကျွုန်ုပ်တို့၏ စုံစမ်းဖော်ထုတ်မှုအရ ထိုသို့သော အပြုအမူများသည် ကျင့်ဝတ်သိက္ခာကင်းမဲ့ပြီး လူမှုအသိုင်းအဝိုင်း၏ စံနှုန်းများနှင့် ဆန့်ကျင်နေသောကြောင့် အောက်ပါအတိုင်း လူမှုရေး အရေးယူခြင်း ချမှတ်ရန် ဆုံးဖြတ်ခဲ့ပါသည်။
လူမှုရေး အရေးယူချက်များ
၁။ လူမှုရေး သီးခြားဖယ်ထုတ်ခြင်း
•အဆိုပါအမျိုးသားအား လူမှုအသိုင်းအဝိုင်းမှ ရှောင်ကြဉ်ခြင်း၊ ပူးပေါင်းဆောင်ရွက်မှုများတွင် ဖယ်ထုတ်ခြင်း။
၂။ အမျိုးသမီးအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး သတိပေးခြင်း
•ဤကဲ့သို့သော အပြုအမူများသည် လူမှုအသိုင်းအဝိုင်းက လက်မခံနိုင်သော အမူအကျင့်ဖြစ်ကြောင်း ထုတ်ဖော်သတိပေးခြင်း။
၃။ တာဝန်ယူမှု မရှိသော PDF ရဲဘော်ဟောင်းတစ်ဦး အဖြစ် သတိရစေခြင်း
•တော်လှန်ရေးအဖွဲ့အစည်း၏ နာမည် ဂုဏ်သိက္ခာကို တလွဲအသုံးချကာ PDF ရဲဘော်အဖြစ် အကာအကွယ်ယူပြီး လူမှုရေးကျင့်ဝတ် ဖောက်ဖျက်ခြင်းအား ပြင်းပြင်းထန်ထန် ရှုံချခြင်း။
တောင်းဆိုချက်များ
•အဆိုပါအမျိုးသားသည် မိမိ၏ အပြုအမူများအတွက် တာဝန်ယူပြီး ခြိမ်းခြောက်မှုများကို ချက်ချင်းရပ်တန့်ရန်။
•လူမှုအသိုင်းအဝိုင်းအနေဖြင့် ဤကဲ့သို့သော အပြုအမူများကို သည်းမခံဘဲ ဆန့်ကျင်တုံ့ပြန်ရန်။
•တော်လှန်ရေး မောင်နှမများအနေဖြင့်လည်း အဆိုပါပုဂ္ဂိုလ်နှင့် ပူးပေါင်းဆောင်ရွက်မှုများတွင် သတိထားဆင်ခြင်ရန်။
ကျွန်ုပ်တို့၏ လူမှုအသိုင်းအဝိုင်းသည် တာဝန်ယူမှု၊ လေးစားမှုနှင့် ကျင့်ဝတ်သိက္ခာ ရှိသော အပြုအမူများကိုသာ အသိအမှတ်ပြုပါသည်။
ရက်စွဲ – ၁၉ ဧပြီ၊ ၂၀၂၅
ထုတ်ပြန်သူ – Shield အမျိုးသမီးအဖွဲ့


