
ရှိ/ Shield Women Organization သည် ဂျပန်နိုင်ငံမှ Nakatsu မိသားစုနှင့် ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ငလျင်ဘေးဒဏ်ခံစားနေရသော ပြည်သူများအား အရေးပေါ်လိုအပ်ချက်များကို ထောက်ပံ့ကူညီရန် ငလျင်ဘေးကူညီရေး ဦးဆောင်ကော်မတီအား ဖွဲ့စည်း၍ စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
ဘေးအန္တရာယ်ကျရောက်ခံစားနေရသူများထံ လိုအပ်သည့် အထောက်အပံ့များ အမြန်ဆုံးနှင့် ထိရောက်စွာ ရောက်ရှိစေရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် လာမည့် စနေနေ့ ဧပြီလ ၅ရက်တွင်လည်း Nakatsu မိသားစုအနေဖြင့် ဂျပန်နိုင်ငံ “Oita Nakatsu Ekimae” တွင် နံနက် ၁၁နာရီမှ မွန်းလွဲ ၁နာရီအထိ ငလျင်ဒဏ်သင့်ပြည်သူများ အရေးပေါ်ကူညီကယ်ဆယ်ရေးလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးနိုင်ရန် အလှူငွေများ ဦးဆောင်ကောက်ခံသွားမည် ဖြစ်သောကြောင့် ဂျပန်နိုင်ငံရှိ မြန်မာပြည်သူများအနေဖြင့် သွားရောက်ပါ၀င်လှူဒါန်းနိုင်ပါကြောင်း သတင်းစကား ပါးလိုက်ပါရစေ။
ဤလှူဒါန်းကူညီမှုလုပ်ငန်းစဉ်တွင် ပါဝင်လိုသူများအနေဖြင့် အလှူငွေများကို စနစ်တကျ စီမံခန့်ခွဲကာ မြေပြင်အခြေအနေနှင့်ကိုက်ညီသည့် ကူညီထောက်ပံ့မှုများ ပေးနိုင်ရန် အာမခံချက်ဖြင့် ဆောင်ရွက်သွားမည်။ ငလျင်ဘေးကြောင့် နစ်နာဆုံးရှုံးမှုများကို ရင်ဆိုင်နေရသော မိဘပြည်သူများအား စိတ်ဓာတ်မြှင့်တင်ပေးပြီး ပူးပေါင်းကူညီဖေးမကြရန် မေတ္တာရပ်ခံအပ်ပါသည်။ ဤကူညီမှုလုပ်ငန်းသည် ပြည်သူတို့၏ ဘဝအနာဂတ်ကို ပြန်လည်ထူထောင်ရာတွင် အထောက်အကူဖြစ်စေမည်ဟု မျှော်လင့်ပါသည်။
ပူးပေါင်းပါဝင်လှူဒါန်းလိုပါက အသေးစိတ်သိရှိဖို့ရာအတွက် Page Messenger မှတဆင့်လည်း လာရောက်ဆက်သွယ်နိုင်ပါသည်။
ရှိ/ Shield Women Organization နှင့် Nakatsu မိသားစု
#shieldwomenorganization #nakatsufamily