အရေးပေါ်ကူညီမှု ထုတ်ပြန်ကြေညာချက်

“အရေးပေါ်ကူညီမှု ထုတ်ပြန်ကြေညာချက်”
ရှိ/ Shield အမျိုးသမီးအဖွဲ့
ထုတ်ပြန်သည့် ရက်စွဲ : ၂၀၂၅ ခုနစ်၊ မတ်လ၊ ၁၃ ရက်
စုံစမ်းဖော်ထုတ်မှု အမှတ်စဉ် : ၀၀၀၈/၂၀၂၅
ဖြစ်ရပ်အကြောင်းအရာ
ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ အိမ်တွင်းအကြမ်းဖက်မှုနှင့်ပတ်သတ်၍ အရေးပေါ်အကူအညီတောင်းခံမှုတစ်ခုကို ၂၀၂၅ ခုနှစ်၊ မတ်လ၊ ၁၀ ရက်နေ့၊ မွန်းလွဲ (၅)နာရီ အချိန်ခန့်က လက်ခံရရှိခဲ့ပါသည်။ တိုင်ကြားချက်အရ မဲဆောက်မြို့တွင် အိမ်တွင်းအကြမ်းဖက်မှုခံနေရသော အမျိုးသမီးတစ်ဦးအား အရေးပေါ်ကူညီကယ်ဆယ်ပြီး လုံခြုံဘေးကင်းရာနေရပ်သို့ ပြန်လည်ပို့ပေးခြင်းအထိ စီစဉ်ပေးနိုင်ခဲ့ပါသည်။
အဆိုပါ နစ်နာသူဘက်မှလည်း အမှုဖွင့်တိုင်ကြားရန် အဆင်သင့်အနေအထားသို့ရောက်ရှိသဖြင့် ရှိ/ Shield အမျိုးသမီးအဖွဲ့သို့ ထပ်မံဆက်သွယ်ခဲ့မည်ဆိုပါလျှင်လည်း ထိုင်းနိုင်ငံ မဲဆောက်ရဲစခန်းတွင် ကျူးလွန်သူအား အမှုဖွင့်တိုင်ကြားကာ ထိုင်းနိုင်ငံ၏ တရားဥပဒေနှင့်အညီ အရေးယူဆောင်ရွက်နိုင်ရန် လိုက်ပါကူညီသွားမည် ဖြစ်ပါသည်။
ရှိ/Shield အမျိုးသမီးအဖွဲ့သည် တိုင်တန်းလာသူများ၏ နစ်နာမှုများကို အခြေအနေပေါ်မူတည်၍ စုံစမ်းကူညီမှုများကို လုပ်ဆောင်ပေးနေပြီဖြစ်သည့်အတွက် မိမိတို့၏ အမှန်တရားအတွက် ဝိုင်းဝန်းအဖြေရှာပေးရန် အကူအညီလိုအပ်သူများကို ဖေးမကူညီရန် အသင့်ရှိနေပါသည်။
တိုင်တန်းလိုသူများအနေဖြင့် အောက်ပါလင့်တွင် ဝင်ရောက်စာရင်းတင်သွင်းတိုင်ကြားနိုင်ပါသည်။

Leave a Comment

Your email address will not be published. Required fields are marked *