” အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အိတ်ဖွင့်ပေးစာ “

ဆေးတာဝန်ခံ CDM သူနာပြု အမျိုးသမီး ရဲဘော်တစ်ဦးအပေါ် လူ့အခွင့်အရေးချိုးဖောက်နှိပ်စက်မှုနှင့်ပတ်သက်၍ တိုင်ကြားလာမှုအပေါ် အရေးယူဆောင်ရွက်ပေးရန် တင်ပြလျှောက်ထားခြင်း
ရှိ/ Shield အမျိုးသမီးအဖွဲ့ထံသို့ ရဲဘော် ယဉ်မွန်အောင် (မိုးမိတ်ပြည်သူ့ဆေးရုံ၊ CDM သူနာပြု) မှ တပ်ရင်းမှူး၏ ဥပဒေမဲ့ဖိနှိပ်မှုနှင့် အကြမ်းဖက်ခြိမ်းခြောက်မှုများ စုံစမ်းစစ်ဆေး အရေးယူပေးရန် တောင်းဆိုလာခြင်းကြောင့် လုံခြုံရေးနှင့် တရားမျှတမှုအတွက် အရေးတကြီး အကူအညီလိုအပ်နေပါသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ကာကွယ်ရေးဝန်ကြီးဌာနမှ စုံစမ်းစစ်ဆေး ကယ်ဆယ်ကာကွယ် ပေးပါရန်အိတ်ဖွင့်ပေးစာ တင်ပြလိုက်ပါသည်။
အရေးတကြီးတောင်းဆိုသည်များ
– နစ်နာသူ၏ လုံခြုံရေးနှင့် ယာယီနေထိုင်မှုအတွက်ထောက်ပံ့မှု ပေးနိုင်ပါရန်
– အကြမ်းဖက်မှုတွင် ပါဝင်သူများကို တရားဥပဒေအရ အရေးယူဆောင်ရွက်ပေးပါရန်
– ကျန်းမာရေးနှင့် စိတ်ပိုင်းဆိုင်ရာ ကုသမှုများ ထောက်ပံ့ပေးပါရန်
ရှိ/ Shield အမျိုးသမီးအဖွဲ့သည် အမျိုးသမီးများကို ဖိနှိပ်နှိပ်စက်မှုများမှ ကာကွယ်ပေးရန် ဆက်လက်ရပ်တည် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဖိနှိပ်ခံ အမျိုးသမီးများအား အကာအကွယ်ပေးရန်နှင့် တရားမျှတမှုရရှိရေးအတွက် နိုင်ငံတကာနှင့် ပြည်တွင်း လူ့အခွင့်အရေးကာကွယ်သူများနှင့် အဖွဲ့အစည်းများ ပူးပေါင်းပါ၀င်ကြရန် တောင်းဆိုအပ်ပါသည်။
တရားမျှတမှုနှင့် လူ့အခွင့်အရေးအတွက် ကျွန်ုပ်တို့ အသံပြုမည်!

 

” အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အိတ်ဖွင့်ပေးစာ “
” အမျိုးသားညီညွတ်ရေးအစိုးရထံသို့ အိတ်ဖွင့်ပေးစာ “

Leave a Comment

Your email address will not be published. Required fields are marked *