ရှိ/ Shield အမျိုးသမီးအဖွဲ့ April လငွေစာရင်းရှင်းတမ်း

ရက်စွဲ : ၀၅ ဧပြီလ ၂၀၂၅။
ရှိ/Shield အမျိုးသမီးအဖွဲ့၏ ၂၀၂၅ ခုနှစ်၊ ဧပြီလ တစ်လတာ ဘဏ္ဍာရေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းတိုအား ဖော်ပြအပ်ပါသည်။
၁။ ရည်ရွယ်ချက်
ရှိ/Shield အမျိုးသမီးအဖွဲ့အနေဖြင့် လူမှုအကျိုးပြုလုပ်ငန်းများကို ဆောင်ရွက်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန်အတွက် ပံ့ပိုးကူညီသူများ၊ အဖွဲ့ဝင်များနှင့် အများပြည်သူတို့အား ငွေကြေးအသုံးစရိတ်များကို ရှင်းလင်းစွာ သိရှိနိုင်စေရန် ဤငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်လိုက်ပါသည်။
၂။ ငွေစာရင်းအကျဉ်း
Operating Balance = 23,890 THB
April 2025 ရရှိငွေ –
MMK 130,000*0.007418 rate = 964 THB
THB 1,800 = 1,800 THB
SGD 100* 25.09 rate = 2,509 THB
__________________
ရရှိငွေစုစုပေါင်း = 5,273 THB
April 2025 သုံးစွဲထားပြီး ငွေ – = 4,942 THB
28000 MMK *0.007418 = 208 THB
__________________
= 5,150 THB
___________________________________________
Finance Summary
Description Amount (THB)
Operating Balance 23,890
Income 5,273
expenses 5,150
Total Balance 24,013
၃။ ဝင်ငွေအသေးစိတ်
• အလှူငွေများ : 130,000 MMk, 1,800THB, 100SGD
၄။ အသုံးစရိတ်အသေးစိတ်
• Total monthly budget for case
Case-0016 -> 590+ 880 = Total- 1,470 THB
285 THB ( ငလျင်ကူညီဖေးမမှုဈေးရောင်းပွဲ ပါ၀င်ဆောင်ရွက်မှု )
750+ 297+2140= 3,187 THB ( အဖွဲ့တီရှပ်နှင့် ရိုက်ကူးရေး အသုံးစရိတ်ဖြစ်ပါသည်)
208 THB (အဖွဲအတွင်း လိုအပ်သော Technical Support အသုံးစရိတ်ဖြစ်ပါသည် )
______________***__________
၅။ မှတ်ချက်များ
(က) လစဉ် (၅)ရက်နေ့တိုင်းတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့၏ တစ်လတာ ငွေကြေးရှင်းတမ်းနှင့် ပံ့ပိုးသူများစာရင်းကို ထုတ်ပြန်ကြေညာမည်ဖြစ်ပါသည်။
(ခ) လက်ရှိတွင် ရှိ/ Shield အမျိုးသမီးအဖွဲ့အနေဖြင့် လုပ်ငန်းဆောင်ရွက်ရန် အသုံးစရိတ်များကို ကူညီအားဖြည့်ပေးသော တစ်သီးပုဂ္ဂလ ပြည်သူနှင့် အဖွဲ့ဝင်များထံမှရရှိသော ငွေကြေးများအား အဖွဲ့အစည်း၏ ဆောင်ရွက်နေမှုများဖြစ်သော
– နစ်နာသူများကို အရေးပေါ်အခြေနေတွင် သွားရောက်ခေါ်ဆောင်ပေးခြင်း၊ ခိုလှုံနိုင်ရန် ဘေးကင်းလုံခြုံရာ နေရာများစီစဉ်ပေးခြင်း။
– သက်ဆိုင်ရာ နယ်မြေအာဏာပိုင်များထံသို သွားရောက်တွေ့ဆုံ တိုင်ကြားနိုင်ရန် ကူညီပေးခြင်း တိုင်တန်းမှု၊ တရားစွဲဆိုမှုများလိုအပ်လာပါက ဥပဒေရေးရာ အကြံပြုပံ့ပိုးပေးခြင်း။
– စိတ်ပိုင်းဆိုင်ရာ ထိရှနာကျင်မှုများ ပြန်လည်သက်သာလာနိုင်စေရန် ကူညီပေးခြင်း
– ကိုယ်တိုင်ပြန်လည်ရပ်တည် လာနိုင်စေရန် ပံ့ပိုးမှုများ လမ်းညွှန်မှုများပေးခြင်း စသည့်ဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် သုံးစွဲပါသည်။
(ဂ) Shield အမျိုးသမီးအဖွဲ့ Members များအနေဖြင့်လည်း အဖွဲအစည်း၏ ဘဏ္ဍာရေးမှတ်တမ်းများကို Finance Team ထံသို အချိန်မရွေး တောင်းယူကြည့်ရှုနိုင်ပါသည်။
• ရှိ/Shield အမျိုးသမီးအဖွဲ့သည် အကျိုးအမြတ်မယူသော သီးခြားရပ်တည်သည့် အဖွဲ့ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများအတွက် အဖွဲ့ဝင်များနှင့် သီးခြားလွတ်လပ်သော ပြည်သူများ၏ ပံ့ပိုးမှုဖြင့်သာ ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။
ဆက်သွယ်ရန်
ရှိ/Shield အမျိုးသမီးအဖွဲ့
📞 +66 8 24018255
📩 info@shieldwomen.org
ကျေးဇူးတင်လျှက်
(Finance Team )
ရှိ/Shield အမျိုးသမီးအဖွဲ့

 

 

Leave a Comment

Your email address will not be published. Required fields are marked *